၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ မှစတင်၍ (၄)လကြာဖွင့်လှစ်မည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၈ သင်တန်းဖွင့်ပွဲ အခမ်း အနား ကို ရန်ကုန်တိုင်းဒေသကြီး၊ ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ်ညီလာခံခန်းမတွင် ၄-၁၁-၂၀၂၃ (စနေနေ့) ၊ နံနက် (၈:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကုန်သွယ်ရေးဉီးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဉီးမြင့်သူရ နှင့်တကွ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသားဟောင်းများ တက်ရောက်ကြပါသည်။
၃။ အဆိုပါ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း ကို အပတ်စဉ်(စနေ၊ တနင်္ဂနွေ) များတွင် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ကျား (၄၅)ဦး ၊ မ (၅၂)ဦး၊ ပေါင်း (၉၇) ဦး တက်ရောက်ခဲ့ကြမည်ဖြစ်ပါသည်။ သင်တန်းကာလမှာ(၄)လခန့် ကြာမြင့်မည် ဖြစ်ပါသည်။