စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၄ ခုနှစ် ၊ ဧပြီလ (၂၇) ရက်မှစ၍ ဖွင့်လှစ်သင်ကြားလျက် ရှိသော အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၉ မှ သင်တန်းသား/သူ (၅၅)ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၃) ဦး၊ စုစုပေါင်း (၅၈) ဦး တို့သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) ၊ ဘုရင့်နောင်ကုန်စည်ဒိုင် နှင့် FAME Pharmaceuticals (လှိုင်သာယာစက်မှုဇုန်) တို့သို့ လေ့လာရေး ခရီး သွားရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) သို့ နံနက် (၀၈:၁၅) နာရီအချိန်တွင် ရောက်ရှိခဲ့ရာ အသင်း၏ ဥက္ကဋ္ဌ ဦးကျော်ကိုဆန်း မှ ၎င်းတို့အသင်း အကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ကုန်စည်ဒိုင်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါ သည်။
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရောက်ရှိခဲ့ရာအသင်း၏ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးအုန်းဆိုင်နှင့် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမင်းဇော် တို့မှ ၎င်းတို့အသင်းအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်း ဖြေကြားခဲ့ပါသည်။
ဆက်လက်၍ FAME Pharmaceuticals (လှိုင်သာယာစက်မှုဇုန်) သို့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် စတင်ရောက်ရှိခဲ့ရာ စက်ရုံမှူး ဒေါက်တာဖြိုးဝေအောင် မှ ၎င်းတို့ကုမ္ပဏီအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဆေးဝါးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိ သူများက သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။
ထိုသို့ သွားရောက် လေ့လာခဲ့ပြီး ညနေ (၁၆:၃၀) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။