စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ (၂၆) ရက်မှစ၍ ဖွင့်လှစ် သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၁၀ မှ သင်တန်းသား/သူ (၉၅) ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၃) ဦး၊ စုစုပေါင်း (၉၈) ဦး တို့သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် မြန်မာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)နှင့် Wilmar Myanmar Limited တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။
Wilmar Myanmar Limited. အတွင်းရှိ Wilmar Myanmar Edible Oil Limited. အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်းဖြေကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) အား လှည့်လည် ကြည့်ရှု လေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်း ဖြေကြားခဲ့ပါသည်။
ထိုသို့ သွားရောက် လေ့လာခဲ့ပြီး ညနေ (၁၆:၀၀) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။