
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၆) ရက်မှစ၍ ဖွင့်လှစ် သင်ကြားလျက် ရှိသော အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ် စဉ်-၁၂ မှ သင်တန်းသား/သူ (၈၅)ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၂) ဦး၊ စုစုပေါင်း (၈၇) ဦး တို့သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် Resources Group Logistics Company Limited ၊ Golden Theparege Co.,Ltd နှင့် May Yu Marine Products Co.,Ltd and Asia Winner Industrial Co., Ltd တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။
၂။ Resources Group Logistics Company Limited သို့ နံနက် (၀၉:၀၀) နာရီအချိန်တွင် လည်းကောင်း၊ Golden Theparege Co.,Ltd သို့ နံနက် (၁၁:၀၀) နာရီအချိန်တွင် လည်းကောင်း ရောက်ရှိခဲ့ရာ Resources Group Logistics Company Limited မှ ဒေါ်ယုဇနဖြိုး (လက်ထောက် မန်နေဂျာ) နှင့် Golden Theparege Co.,Ltd မှ ဒေါ်ပြုံး(စက်ရုံမှူး)တို့က ၎င်းတို့ ကုမ္ပဏီ အကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စက်မှုဇုန်အတွင်းလှည့်လည်ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူ များက သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြား ခဲ့ပါသည်။
၃။ ဆက်လက်၍ May Yu Marine Products Co.,Ltd နှင့် Asia Winner Industrial Co., Ltd သို့ နေ့လည်(၁၃:၀၀) နာရီအချိန်တွင်စတင်ရောက်ရှိခဲ့ရာ ဦးနိုင်ဝင်းအောင်(ဒါရိုက်တာ) နှင့် ဦးနိုင်ဝင်း မောင်(ဒါရိုက်တာ)တို့က ကုမ္ပဏီအကြောင်းအသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအတွင်းလှည့် လည်ကြည့်ရှုလေ့လာခဲ့ရာသင်တန်းသား၊သင်တန်းသူများ၏သိလိုသည်များကို တာဝန်ခံများက ရှင်း လင်းဖြေကြားခဲ့ပါသည်။
၄။ ထိုသို့ သွားရောက် လေ့လာခဲ့ပြီး ညနေ (၁၅:၄၅) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါ သည်။




