
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၆ ခုနှစ် ၊ မတ်လ(၇) ရက်မှစတင်သင်ကြားခဲ့ပြီး မတ်လ (၂၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၁၃ မှ သင်တန်းသား/သူ (၈၆) ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၄) ဦး၊ စုစုပေါင်း (၉၀) ဦး တို့သည် ၂၀၂၆ ခုနှစ် ဧပြီ လ ၂ ရက်နေ့ (ကြာသပတေးနေ့) တွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ၊ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) နှင့် Wilmar Myanmar Limited တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။
၂။ သီလဝါအထူးစီးပွားရေးဇုန်သို့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စတင် ရောက်ရှိလေ့လာခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌ ဒေါ်ချိုချိုဝင်းက အထူးစီးပွားရေးဇုန် အကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီးနောက် OSS မှ တာဝန်ရှိသူများက သင်တန်းသား ၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။
၃။ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ)အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး မန်နေဂျာ ဦးအောင်သူက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏သိလိုသည် များကို တာဝန်ခံများက ရှင်းလင်း ဖြေကြားခဲ့ပါသည်။
၄။ ဆက်လက်၍ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် Wilmar Myanmar Limited. သို့ရောက်ရှိကာ တာဝန်ရှိသူများက ကြိုဆို၍ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်ယုမွန်သွယ် က လုပ်ငန်းနှင့် ပက်သက်သည်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်း ဖြေကြားခဲ့ပြီးနောက် Wilmar Myanmar Limited အတွင်းရှိ ဆန်စက် နှင့် စားသုံးဆီစက်ရုံတို့အား လှည့်လည်ကြည့်ရှုကာ ညနေ (၁၆:၀၀) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။




