
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် မှ ၂၄ ရက် ထိ (၂) ရက်ကြာ ဖွင့်လှစ် သည့် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ရနောင်း-ကော့သောင်း၊ ရနောင်း-မြိတ် နှင့် ရနောင်း-ရန်ကုန် လမ်းကြောင်းမှ တင်သွင်းမှုလုပ်ငန်းစဉ် အသိပညာပေးခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး၊ ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ်ညီလာခံခန်းမတွင် ၂၃-၄-၂၀၂၆ (ကြာသပတေးနေ့) နံနက် (၉:၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများ၊ သင်တန်းနည်းပြ ဆရာများနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
၃။ အဆိုပါ သင်တန်းကို ကြာသပတေးနေ့မှ သောကြာနေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသား (၈၃) ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။




