စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၄ ခုနှစ် ၊ ဧပြီလ (၂၇) ရက်မှစ၍ ဖွင့်လှစ်သင်ကြားလျက် ရှိသော အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၉ မှ သင်တန်းသား/သူ (၆၇)ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၃) ဦး၊ စုစုပေါင်း (၇၀) ဦး တို့သည် ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် Resources Group Logistics Company Limited ၊ KM Terminal and Logistics Ltd. နှင့် Hitachi Soe Electric and Machinery Company Limited တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။
Resources Group Logistics Company Limited သို့ နံနက် (၀၉:၀၀) နာရီအချိန်တွင် လည်းကောင်း၊ KM Terminal and Logistics Limited သို့ နံနက် (၁၁:၀၀) နာရီအချိန်တွင် လည်းကောင်း ရောက်ရှိခဲ့ရာ Resources Group Logistics Company Limited မှ ဒေါ်ယုဇနဖြိုး (Commercial Executive) နှင့် KM Terminal and Logistics Limited မှ ဦးဝင်းနိုင်ညွန့် (ဒါရိုက်တာ) တို့က ၎င်းတို့ကုမ္ပဏီအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး Dry Port အတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။
ဆက်လက်၍ Hitachi Soe Electric and Machinery Company Limited သို့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် စတင်ရောက်ရှိခဲ့ရာ Managing Director Mr.Makoto Shinohara က ကုမ္ပဏီအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ ရာသင်တန်းသား၊သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်းဖြေကြားခဲ့ပါသည်။
ထိုသို့ သွားရောက် လေ့လာခဲ့ပြီး ညနေ (၁၅:၄၅) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။