Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

လေ့လာရေးခရီးစဉ်များ
Monday, May 11, 2026

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၆ ခုနှစ် ၊ မတ်လ(၇) ရက်မှစတင်သင်ကြားခဲ့ပြီး မတ်လ (၂၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၁၃ မှ သင်တန်းသား/သူ (၈၀) ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၂) ဦး၊ စုစုပေါင်း (၈၂) ဦး တို့သည် ၂၀၂၆ ခုနှစ် မေ လ ၇ ရက်နေ့ (ကြာသပတေးနေ့) တွင် Resources Group Logistics Company Limited ၊ KM Terminal and Logistics Ltd နှင့် Hitachi Soe Electric and Machinery Company Limited တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

၂။       Resources Group Logistics Company Limited သို့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စတင်ရောက်ရှိလေ့လာခဲ့ပြီး Resources Group Logistics Company Limited မှ (Business Executive) ဒေါ်ခိုင်စိုးသူက RGL YWARTHARGYI DRY PORT အတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ရာ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေ ကြားခဲ့ပါသည်။

၃။      KM Terminal and Logistics Limited သို့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရောက်ရှိခဲ့ရာ KM Terminal and Logistics Limited မှ (ဒါရိုက်တာ) ဦးဝင်းနိုင်ညွန့်  က YANGON DRY PORT FACILITIES အတွင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏သိလို သည် များကို တာဝန်ခံက ရှင်းလင်း ဖြေကြားခဲ့ပါသည်။

၄။       ဆက်လက်၍ Hitachi Soe Electric and Machinery Company Limited သို့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင်ရောက်ရှိခဲ့ရာ (Division Manager) ဒေါ်ပပဝင်း က လျှပ်စစ်ထရန်စဖော်မာ ထုတ်လုပ်မှုအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး Hitachi Soe Electric and Machinery Company Limited စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ ညနေ (၁၆:၀၀) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

Myanmar