Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

လေ့လာရေးခရီးစဉ်များ
Thursday, May 8, 2025

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၅ ခုနှစ် ၊ မတ်လ (၂၂) ရက်မှစ၍ ဖွင့်လှစ် သင်ကြားလျက် ရှိသော အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၁၁ မှ သင်တန်းသား/သူ (၁၀၈) ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၃) ဦး၊ စုစုပေါင်း (၁၁၁) ဦး တို့သည် ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ နှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

၂။       သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသို့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စတင်ရောက်ရှိခဲ့ရာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါ်စိုးစိုးအေး က အထူးစီးပွားရေးဇုန်အကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး OSS မှ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

၃။       ထို့နောက် အထူးစီးပွားရေးဇုန်အတွင်းရှိ JFE MYANMAR Coated Steel Co., Ltd.  အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများ က ရှင်းလင်း ဖြေကြားခဲ့ပါသည်။

၄။        ဆက်လက်၍ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) အား လှည့်လည် ကြည့်ရှု လေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်း ဖြေကြားခဲ့ပါသည်။

၅။     ထိုသို့ သွားရောက် လေ့လာခဲ့ပြီး ညနေ (၁၆:၀၀) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါ သည်။

Myanmar