Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

လေ့လာရေးခရီးစဉ်များ
Wednesday, May 28, 2025

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၅ ခုနှစ် ၊ မတ်လ (၂၂) ရက်မှစ၍ ဖွင့်လှစ် သင်ကြားလျက် ရှိသော အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၁၁ မှ သင်တန်းသား/သူ (၆၇)ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၃) ဦး၊ စုစုပေါင်း (၇၀) ဦး တို့သည် ၂၀၂၅ ခုနှစ် မေလ ၂၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် Resources Group Logistics Company Limited ၊ Golden Theparege Co.,Ltd နှင့် Hitachi Soe Electric and Machinery Company Limited တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

၂။       Resources Group Logistics Company Limited သို့ နံနက် (၀၉:၀၀) နာရီအချိန်တွင် လည်းကောင်း၊ Golden Theparege Co.,Ltd သို့ နံနက် (၁၁:၀၀) နာရီအချိန်တွင် လည်းကောင်း ရောက်ရှိခဲ့ရာ Resources Group Logistics Company Limited မှ ဦးကျော်သူမိုး (General Manager) နှင့် Golden Theparege Co.,Ltd မှ  Mr.Thilan Guruge (Director) တို့က ၎င်းတို့ ကုမ္ပဏီအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စက်မှုဇုန် အတွင်း လှည့်လည် ကြည့်ရှု လေ့လာခဲ့ရာ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်း ဖြေကြားခဲ့ပါသည်။

၃။       ဆက်လက်၍ Hitachi Soe Electric and Machinery Company Limited သို့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် စတင်ရောက်ရှိခဲ့ရာ Managing Director Mr.Makoto Shinohara က ကုမ္ပဏီအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ ရာသင်တန်းသား၊သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်းဖြေကြားခဲ့ပါသည်။

၄။     ထိုသို့ သွားရောက် လေ့လာခဲ့ပြီး ညနေ (၁၅:၄၅) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါ သည်။

 

 

Myanmar