
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၁၁ သင်တန်းဆင်းပွဲအခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး၊ ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ် ညီလာခံခန်းမတွင် ၉-၈-၂၀၂၅ (စနေနေ့) ၊ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
၂။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ၊ ကုန်သွယ်ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ တာဝန်ရှိသူများ၊ သင်တန်းသားဟောင်း များ၊ သင်တန်းနည်းပြများနှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ် စဉ် (၁၁) သင်တန်း သား / သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
၃။ သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက ပထမ၊ ဒုတိယ၊ တတိယ နှင့် စာတမ်းအကောင်းဆုံးဆု ရရှိသူများအား အသီးသီးဆုချီးမြှင့်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအောင် လက်မှတ်များ ချီးမြှင့်ခဲ့သည်။