Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း အောင်လက်မှတ်အပ်နှင်းခြင်း
Wednesday, January 7, 2026

၁။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၁၂ သင်တန်းဆင်းပွဲအခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး၊ ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ် ညီလာခံခန်းမတွင် ၃-၁-၂၀၂၆ (စနေနေ့) ၊ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။

၂။          သင်တန်းဆင်းပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ၊  ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ သင်တန်းသားဟောင်းများ၊ သင်တန်းနည်းပြများနှင့်အပြည်ပြည် ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်(၁၂) သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

၃။      သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်က  ပထမ၊ ဒုတိယ၊ တတိယ နှင့် စာတမ်းအကောင်း ဆုံးဆု ရရှိသူများအား အသီးသီးဆုချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ခဲ့သည်။

Myanmar