၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှစတင်၍ (၄)လကြာဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၉ သင်တန်းဖွင့်ပွဲအခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး၊ ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ်ညီလာခံခန်းမတွင် ၂၇-၄-၂၀၂၄ (စနေနေ့) နံနက် (၁၀:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်နှင့် အသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသားဟောင်းများ တက်ရောက်ကြပါသည်။
၃။ အဆိုပါ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်းကို အပတ်စဉ်(စနေ၊ တနင်္ဂနွေ) များတွင် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ကျား (၄၇)ဦး ၊ မ (၅၅)ဦး၊ ပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ ကြမည်ဖြစ်ပါသည်။ သင်တန်းကာလမှာ(၄)လခန့် ကြာမြင့်မည် ဖြစ်ပါသည်။