Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၁)သင်တန်းဖွင့်ပွဲကျင်းပခြင်း
Saturday, March 29, 2025

၁။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှစတင်၍ (၄)လကြာ ဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၁၁ သင်တန်းဖွင့်ပွဲ အခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ်ညီလာခံခန်းမတွင် ၂၂-၃-၂၀၂၅ (စနေနေ့)  နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။          အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြဆရာများ၊ သင်တန်းသားဟောင်းများ တက်ရောက်ခဲ့ကြပါသည်။

၃။      အဆိုပါ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်းကို အပတ်စဉ် (စနေ၊ တနင်္ဂနွေ) များ တွင် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ကျား (၅၆)ဦး ၊ မ (၅၀)ဦး၊ ပေါင်း (၁၀၆) ဦး တက်ရောက်ခဲ့ကြ မည်ဖြစ်ပါသည်။ သင်တန်းကာလမှာ(၄)လခန့် ကြာမြင့်မည်ဖြစ်ပါသည်။

Myanmar