Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၃)သင်တန်းဖွင့်ပွဲကျင်းပခြင်း
Thursday, March 26, 2026

၁။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ စတင်၍ (၄)လကြာ ဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ)အမှတ်စဉ်-၁၃ သင်တန်းဖွင့်ပွဲ အခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ်ညီလာခံခန်းမတွင် ၂၁-၃-၂၀၂၆ (စနေနေ့)  နံနက် (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။          အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဖွင့်ပွဲ အခမ်း အနားသို့ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသားဟောင်းများ တက်ရောက်ခဲ့ကြပါသည်။

၃။          အဆိုပါ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်းကို အပတ်စဉ် (စနေ၊ တနင်္ဂနွေ) များ တွင် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ကျား (၅၁)ဦး ၊ မ (၇၀)ဦး၊ ပေါင်း (၁၂၁) ဦး တက်ရောက်ခဲ့ကြ သည်ဖြစ်ပါသည်။ သင်တန်းကာလမှာ(၄)လခန့် ကြာမြင့်မည်ဖြစ်ပါသည်။

Myanmar