Slogan here ... As you work in your image, you specify colors using one of the color models.

www.tradetraininginstitute.com

နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ရနောင်း-ကော့သောင်း၊ ရနောင်း-မြိတ် နှင့် ရနောင်း-ရန်ကုန် လမ်းကြောင်းမှ တင်သွင်းမှုလုပ်ငန်းစဉ် အသိပညာပေးခြင်း သင်တန်းဖွင့်ပွဲကျင်းပခြင်း
Monday, April 27, 2026

၁။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် မှ ၂၄ ရက် ထိ  (၂) ရက်ကြာ ဖွင့်လှစ် သည့် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ရနောင်း-ကော့သောင်း၊ ရနောင်း-မြိတ် နှင့် ရနောင်း-ရန်ကုန် လမ်းကြောင်းမှ တင်သွင်းမှုလုပ်ငန်းစဉ် အသိပညာပေးခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး၊ ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ်ညီလာခံခန်းမတွင် ၂၃-၄-၂၀၂၆ (ကြာသပတေးနေ့) နံနက် (၉:၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။          အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အရာထမ်းများ၊ သင်တန်းနည်းပြ ဆရာများနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

၃။          အဆိုပါ သင်တန်းကို ကြာသပတေးနေ့မှ သောကြာနေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသား (၈၃) ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။

Myanmar